Pages

Wednesday, March 27, 2013

Conflict ( ပဋိပက္ခ)

    (၁)

“ခွမ်း”
ဖန်ခွက်နှင့်နံရံထိမှန်သံ
ဖန်ခွက်အပိုင်းအစများ
အော်ဟစ်ပေါက်ကွဲသံများ
ဒေါသတကြီးတောက်ခတ်သံ
တံခါးဆောင့်ပိတ်သံ
ခြေသံပြင်းပြင်းကြမ်းခင်းပေါ်နင်းလျှောက်သွားသံ
ရှိုက်သံသဲ့သဲ့
အရာအားလုံး တိတ်ဆိတ်... ငြိမ်သက်...။

    (၂)

နွေးထွေးမှု = ဗလာ
ခံစားချက် = ဗလာ
အချစ် = ဗလာ
အမုန်း = ဗလာ
ဥပေက္ခာ

    (၃)

စာချုပ်နှစ်စောင်
ဖောင်တိန်နှစ်ချောင်း
အနက်ရောင်တိုက်ပုံဝတ်လူတစ်ယောက်
အရင်းနှီးဆုံးသူစိမ်းနှစ်ယောက်
ကြိုးမိန့်ကျနှလုံးသားတစ်စုံ
ကွာရှင်းပြတ်စဲခြင်း....။ ။


*** တစ်ကြိမ်ထဲသောပဋိပက္ခမုန်တိုင်းကပဲ အနီးကပ်ဆုံးလူနှစ်ယောက်ကို အဝေးဆုံးဖြစ်အောင် တွန်းပို့နိုင်တယ်။***

သစ္စာခ
20/2/2013(WED)

0 comments:

Post a Comment