Pages

Monday, August 27, 2012

အဖြူရောင် အဇ္ဈတ္တ


နင်စိတ်ချမ်းသာနေတာမြင်ရင်ပဲ
လှိုက်လှိုက်လှဲလှဲ ၀မ်းသာခဲ့တာပါ......။

ကိုယ့်နှလုံးသားကိုယ်ချခင်းပြီး စီးချင်းထိုးခဲ့ကြတဲ့ဒီစစ်တလင်းမှာ
ပွဲသိမ်းဗျူဟာဆင်ပြီးကာမှ
စိတ်လိုလက်ရ နင့်ရှေ့မှာ ငါလက်နက်ချခဲ့တယ်...။

နင်နဲ့ပတ်သက်ရင်  ငါဟာ
ပစ်ကွင်းထဲကို အလိုလိုတိုးဝင်နေမိတဲ့သားကောင်
င့ါအဖြစ်က မှောင်ကိုမှောင်တယ်.....။

ကိုယ်ချစ်တဲ့သူအပေါ်မှာ သူငယ်ချင်းပါဆိုပြီး
ဟန်ဆောင်ဖြူစင်ပြရတာလောက်
ဘ၀မှာ ခါးတာ မရှိဘူး........။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အေးမြစွာပူလောင်စေတတ်တဲ့
င့ါရဲ အဖြူရောင်မှော်ဆရာလေးရေ............

နင်စိတ်ချမ်းသာနေတာမြင်ရရင်ကိုပဲ
ငါ......(တကယ့်ကို..)
လှိုက်လှိုက်လှဲလှဲ ၀မ်းသာခဲ့တာပါကွယ်.....။ ။

                                              သစ္စာခ

`မာရီယာ ၂ ´


  •  ငါ့အမှားက ငါ့တရားကို စီရင်ခဲ့ပြီလားမင်းသစ်ရိပ်မှာ ခိုပြီး မင်းသစ်ကိုင်းကို ချိုးခဲ့တဲ့မိုက်မဲမှုဟာတွင်းနက်လွန်းတယ်...ငါဟာ ကြေမွနေတဲ့မှန်ကွဲစတွေငါ့ကို ဆုပ်ကိုင်လိုက်တာနဲ့ မင်းကို ထိရှမှာဆိုတော့ငါ့အချစ်ဟာ မျက်နှာမွဲခဲ့တယ်တစ်စစီပြန့်ကျဲသွားတဲ့ငါ့ကိုယ်ငါ ပြန်မကောက်ချင်တော့ဘူး

အသက်နဲ့ရင်းပြီး ချစ်ခဲ့ရတာဟာ ရင်ကွဲနာကျခြင်းတစ်မျိုးပါပဲမာရီယာပူပြင်းလောင်မြိုက်နေတဲ့ငါ့နေ့တွေမှာ မင်းနာမည်ကို တိုးတိုးလေးခေါ်ပြီး ငါ အေးချမ်းပါရစေမှောင်မိုက်ခြောက်ခြားနေတဲ့ငါ့ညတွေမှာမင်းနာမည်ကို ငါ့ရင်ထဲ ထွန်းညှိပြီး ငါ လင်းပပါရစေ

ငါ ရယ်မောပျော်ရွှင်နေတဲ့အခါ မင်းကို တမ်းတမယ်ငါ ကြေကွဲဝမ်းနည်းနေတဲ့အခါ မင်းကို လွမ်းဆွတ်မယ်သွေးဆုံးနေတဲ့တမ်းမက်မှုတွေနဲ့ဒဏ်ရာအနာတရဆိုတာတစ်ခါတစ်ခါ ပွေ့ဖက်ထားချင်လောက်အောင် လှတယ်

ငါ့ကဗျာတွေထဲမှာ နောက်ဆုံးကျည်ဆံတစ်တောင့်ပဲ ကျန်တော့မယ်ဆိုရင်အဲဒီကျည်ဆံဟာ မင်းပါပဲဘ၀တစ်ခုကျကွဲသံကြားမှ မင်းပျော်တယ်ဆိုရင်ငါ့ဘ၀ငါ ချခွဲပေးခဲ့မယ်မာရီယာ

သွားပါ့မယ်ငါ သွားပါ့မယ်မာရီယာရယ်ဘယ်လိုဆုတောင်းမျိုးနဲ့မှ အဖတ်ဆယ်လို့မရမယ့်အတူတူငါ့ကိုယ့်ငါလည်း လက်ညှိုးပြန်မထိုးရက်တော့ပါဘူး

မင်းကြောင့်သာ အသည်းကွဲရဦးမယ်ဆိုရင်နောက်ဘ၀လည်း လူပြန်ဖြစ်ချင်တယ်မာရီယာ

                                                                ကိုသျှား