Pages

Sunday, December 16, 2012

ဆရာတာရာမင်းဝေရဲ့"မီးတောက်ရစ်သမ်" (၁)

အခုလို


လှပအေးစက်နေတဲ့ညမှာပဲ
ငါပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေစိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကိ

တီးတိုးပြောကြားလိုက်တယ်။

"ချစ်ခြင်းမေတ္တာ" ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ
မီးခိုးလုံးများဖြစ်သွားရော့မလာ
းလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကိုပြုစားဖို့
အဘယ်ဘုရားထံ
နင့်လက်တွေ ဖြန့်ကာ တောင်းခံခဲ့သလဲ
ငါ့ရာဇဝင်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ။

လောကဓံဦး တုန်းက
အလွန်အကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ်ဆိုတာ
သီချင်းလေးတွေကို တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်ပါ

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို စီးမိုးထားတယ်။
စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့ မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စ ရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါပြန်လည်ချည်နှောင်ခဲ့ပါမယ်
ချစ်သော … ဖဲကြိုးဝါလေးရယ်
(လက်နက်မပါဘဲ
စစ်ဝင်္ကပါမှာ ငါမတိုက်ရဲဘူး)
ညံ့တယ် လို့ပဲ
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့။

လျှပ်စစ်မျှင် တန်းလို့
ပူလင်း ပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ
ခု ရထားတို့ ဥဩဆွဲလိုက်ကြပြီ
”ပြီးဆုံးသွားပါပြီ
အားလုံးပြီးဆုံးသွားပါပြီ” တဲ့။

0 comments:

Post a Comment