Pages

Saturday, September 8, 2012

... အလွမ်းရင့်ရောင် ဒိုင်ယာရီ....

အသက်တစ်ချက်ရှူရှိုက်မိလိုက်တိုင်း
လွမ်းဆွတ်တမ်းတခြင်းက
ဖွဲမီးတစ်စလိုတငွေ့ငွေ့လောင်မြိုက်
ခေါင်းငိုက်စိုက်နဲ့ ဟိုးအဝေးက ခပ်ဝါးဝါးပုံရိပ်ဟောင်းတစ်ခုကို
ငါ... ဆေးလိပ်ဆာသလို ဆာတယ်....။

ရင်ဘတ်ခြင်းနီးနေပါလျက်နဲ့
ကျောချင်းကပ်ဝေးကွာစေခဲ့တဲ့
ငါတို့ကိုးကွယ်ရာနှစ်ခုကြားမှာ
မျှော်လင့်ခြင်းတွေ ကမ်းမကပ်နိုင်ခဲ့ဘူး။

ငါ ဖမ်းဆုပ်ခဲ့ဖူးတဲ့
အ၀ါရောင် ဂွမ်းစလေးရေ....
နင် ပါဝင်ခဲ့ဖူးတဲ့
ကာလာပြယ်စ အတိတ်ဟောင်းတစ်ခုကို
အခုချိန်အထိ ငါ
တခုတ်တရ လွမ်းတယ်...။ ။

သစ္စာခ

0 comments:

Post a Comment