အသိုက်ဟောင်းဆိုပေမယ့်
အသစ်တွေနဲ့ ထည်လဲပေါင်းခဲ့ရတဲ့ .. ကောင်ပေါ့
အလိုမတူပဲ အကြည့်တွေပေါ် တင်လှန်း
စကတ်အကွဲ ၀တ်ထားတဲ့ လမ်းတွေလေ
ဘောင်းဘီကျပ်ကျပ်ဝတ်ထားတဲ့ ညနေကို ပုခုံးဖက်
အမြုပ်တစီစီထွက်နေတဲ့ သီချင်းတွေပေါ်
မျက်လုံးတွေတောင် အရည်ပျော်လို့
“၀” မရှိရင် “၀ိ” မလုပ်နဲ့လို့ ပြောပေမယ့်
“င” ရှိရင် “ ငြိ” လို့ရတဲ့ ပိန်ချွန်းချွန်းတိုက်ခန်းတွေ
ဆက်သွယ်မှု့ဧရိယာပြင်ပရောက်နေတဲ့ ကိုယ့်ကျင့်တရားတွေနဲ့
တစ်ကိုယ်ရေ အာသာဖြေမှု့ကို လိုသလောက်မျှား .. လို့
အရောင်အသွေးအစုံနဲ့ ကိုယ့်ဘ၀ ကိုယ်ရင်ခုန်
အိပ်မက်တွေမြုံနေတဲ့ .. ကောင်ပေါ့
သားကောင်ကလည်း သားကောင်၊ မုဆိုးကလည်း မုဆိုး
ကိုယ့်ဖဲကိုယ် လိုသလိုချိုးရင်း
ကိုယ့်ဂျိုကာ ကိုယ်ပြန်နင်း လောင်းကစားနဲ့လည်း မကင်းခဲ့တဲ့ .. ကောင်ပေါ့ ။ ။
by: ဘုန်း လူ

0 comments:
Post a Comment