Pages

Friday, July 27, 2012

သူငယ်ချင်းလေးသို့...

နင့်နင့်သီးသီးလွမ်းတယ်…..
နင့်နင့်သီးသီးလွမ်းတယ်ဆိုတဲ့အဓိပ္ပာယ်
ငါ အခုမှ ကောင်းကောင်းသိတယ် သူငယ်ချင်းရယ်….။

ပြောပြစရာမလိုအောင်
တစ်ယောက်စိတ်ကိုတစ်ယောက်
အပြန်အလှန် ဖတ်တတ်ကြရဲ့သားနဲ့
ဘာ့ကြောင့်များ
တို့နှစ်ယောက်ကြားမှာ
နားလည်မှုတွေ လွဲမှားနေခဲ့ရတာလဲ….။
တစ်ယောက်နဲ့တစ်ယောက်
အလေးထားကြရဲ့သားနဲ့
ဘာ့ကြောင့်များ
အရေးမထားဟန်ဆောင်နေမိခဲ့ရတာလဲ….။
တစ်ယောက်နဲ့တစ်ယောက်
ခံစားချက်ချင်းတူညီနေကြရဲ့သားနဲ့
ဘာ့ကြောင့်များ
မပွင့်လင်းရဲခဲ့ရတာလဲ….။

ဒီအချိန်ဆို
နင်ငါ့ကိုသတိရနေမလားမသိရပေမယ့်
ငါကတော့
အခု…. နင့်ကို
ပြင်းပြင်းပြပြ တမ်းတနေတယ်….။

အွန်လိုင်းမှာ နင့် Gtalk လေးမီးလင်းနေချိန်တိုင်းဟာ
ငါ့အတွက်တော့ အပျော်ဆုံးကမ္ဘာပဲ….။
နင်နဲ့စကားပြောနေရချိန်တိုင်းဟာ
ငါ့အတွက်
စိတ်ချမ်းသာရာပါပဲ….။

ဒါတွေကို နင်မမြင်နိုင်လည်း
ဒါတွေကို နင်မသိနိုင်ခဲ့ရင်လည်း
ရှိပါစေတော့ သူငယ်ချင်းရယ်….။

ဝင်သက်တစ်ချက်ရှိုက်သွင်းလိုက်တိုင်းမှာ
ငါ ….နင့်ကို
နင့်နင့်သီးသီး လွမ်းဆွတ်နေတယ်ဆိုတာ
နင်မသိနိုင်ခဲ့ရင်လည်း…..
ဒီအတိုင်းပဲ ရှိပါစေတော့ကွယ်….။ ။

                        သစ္စာခ
                3rd  Dec 2010(SAT)

0 comments:

Post a Comment