Pages

Thursday, July 26, 2012

နှုတ်ဆက်စာ


နင့်ရင်ထဲမှာ ငါ ရှိခဲ့သည်ဖြစ်စေ
မရှိခဲ့ဘူးပဲဖြစ်စေ
သိပ်တော့အရေးမကြီးလှပါဘူး။
နင်နဲ့ပတ်သက်သမျှ
အရှိကိုအရှိအတိုင်းလက်ခံပေးနိုင်ခဲ့ခြင်းမှာ
ငါနေသားတကျပျော်မွေ့တတ်ခဲ့ပြီးမှ
နင့်ချစ်သူ ဖြစ်ခွင့် ရရ၊မရရ
ငါ မတောင့်တတော့ဘူးလေ။
ကောင်းမယ်ထင်တာလုပ်ပါ
နင့်ရွေးချယ်မှုတိုင်းဟာ
နင့်အတွက် အမှန်တရားပေါ့။
ငါ့အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်လို့
ပြောရအောင်ကလည်း
ငါက ဆရာစိုင်းခမ်းလိတ်မှ မဟုတ်ပဲကွယ်။
နင်…
ပျော်ရွှင်သည်ဖြစ်စေ၊
ဝမ်းနည်းနာကျင်သည်ဖြစ်စေ
နင့်လက်ကိုဆုပ်ကိုင်အားပေးမယ့်
နှစ်ဦးသဘောတူ ချစ်ရသူရှိနေမှတော့
ငါဆိုတာ နင့်အတွက် အရံလူသက်သက်ပဲ။
အစကတည်းက
ငါ့အပေါ်နင်ရိုးသားခဲ့တာမှန်ရင်
ငါ ဘာကိုမှ မျှော်လင့်တတ်စရာအကြောင်းမရှိဘူး။
နင့်အတွက်……………
ငါ မလိုအပ်တော့တာသေချာရင်
တစ်ဘဝလုံးစာနှုတ်ဆက်တယ်
ဂွတ်ဘိုင်…. သူငယ်ချင်း။ ။

သစ္စာခ

Tuesday, August 2, 2011 at 7:18pm ·

https://www.facebook.com/notes/thitsar-kha/%E1%82%8F%E1%82%88%E1%80%90%E1%80%B9%E1%80%86%E1%80%80%E1%80%B9%E1%80%85%E1%80%AC/244004558954612

1 comments:

♡☆zawmyo☆♡ said...

ကောင်းပါတယ်ညမှဝင်ကလိမယ်

Post a Comment