Pages

Monday, August 27, 2012

`မာရီယာ ၂ ´


  •  ငါ့အမှားက ငါ့တရားကို စီရင်ခဲ့ပြီလားမင်းသစ်ရိပ်မှာ ခိုပြီး မင်းသစ်ကိုင်းကို ချိုးခဲ့တဲ့မိုက်မဲမှုဟာတွင်းနက်လွန်းတယ်...ငါဟာ ကြေမွနေတဲ့မှန်ကွဲစတွေငါ့ကို ဆုပ်ကိုင်လိုက်တာနဲ့ မင်းကို ထိရှမှာဆိုတော့ငါ့အချစ်ဟာ မျက်နှာမွဲခဲ့တယ်တစ်စစီပြန့်ကျဲသွားတဲ့ငါ့ကိုယ်ငါ ပြန်မကောက်ချင်တော့ဘူး

အသက်နဲ့ရင်းပြီး ချစ်ခဲ့ရတာဟာ ရင်ကွဲနာကျခြင်းတစ်မျိုးပါပဲမာရီယာပူပြင်းလောင်မြိုက်နေတဲ့ငါ့နေ့တွေမှာ မင်းနာမည်ကို တိုးတိုးလေးခေါ်ပြီး ငါ အေးချမ်းပါရစေမှောင်မိုက်ခြောက်ခြားနေတဲ့ငါ့ညတွေမှာမင်းနာမည်ကို ငါ့ရင်ထဲ ထွန်းညှိပြီး ငါ လင်းပပါရစေ

ငါ ရယ်မောပျော်ရွှင်နေတဲ့အခါ မင်းကို တမ်းတမယ်ငါ ကြေကွဲဝမ်းနည်းနေတဲ့အခါ မင်းကို လွမ်းဆွတ်မယ်သွေးဆုံးနေတဲ့တမ်းမက်မှုတွေနဲ့ဒဏ်ရာအနာတရဆိုတာတစ်ခါတစ်ခါ ပွေ့ဖက်ထားချင်လောက်အောင် လှတယ်

ငါ့ကဗျာတွေထဲမှာ နောက်ဆုံးကျည်ဆံတစ်တောင့်ပဲ ကျန်တော့မယ်ဆိုရင်အဲဒီကျည်ဆံဟာ မင်းပါပဲဘ၀တစ်ခုကျကွဲသံကြားမှ မင်းပျော်တယ်ဆိုရင်ငါ့ဘ၀ငါ ချခွဲပေးခဲ့မယ်မာရီယာ

သွားပါ့မယ်ငါ သွားပါ့မယ်မာရီယာရယ်ဘယ်လိုဆုတောင်းမျိုးနဲ့မှ အဖတ်ဆယ်လို့မရမယ့်အတူတူငါ့ကိုယ့်ငါလည်း လက်ညှိုးပြန်မထိုးရက်တော့ပါဘူး

မင်းကြောင့်သာ အသည်းကွဲရဦးမယ်ဆိုရင်နောက်ဘ၀လည်း လူပြန်ဖြစ်ချင်တယ်မာရီယာ

                                                                ကိုသျှား

0 comments:

Post a Comment