Pages

Saturday, September 8, 2012

မျှော်လင့်ခြင်းမနက်ဖြန်

ပျောက်သောသူရှာရင်တွေ့တဲ့
ခြေရာဖျောက်သွားတဲ့မင်းကိုငါရှာတာ
ဘာလို့မတွေ့ရတာလဲ…။
ရက်တွေလတွေကြာခဲ့ပေမယ့်…
တစ်ရက်မှ ငါမေ့မရဘူး...။

တခြားရင်ခွင်သစ်မှာမင်းပျော်နေမလား…
မင်းထားခဲ့တဲ့ငါ့ရင်ခွင်..
အထီးကျန်ဆန်တဲ့နေ့တွေရယ်…
လွမ်းဆွတ်ခြင်းညတွေရယ်….
မဖြတ်သန်းချင်တော့ဘူးချစ်သူရယ်…။

ပြန်လာခဲ့ပါတော့ကွာ….
အတိတ်ကိုလဲမေ့မရသလို….
ပစ္စုပ္ပန်မှာလဲမင်းကိုလိုက်ရှာနေတယ်…
မသေချာမရေရာတဲ့…..
အနာဂတ်မှာဆုံစည်းခွင့်ပေးပါချစ်သူရယ်……။
  Credit by: Zaw Myo Oo

0 comments:

Post a Comment